မြေအိုးမြီးရှည် ချက်နည်း Clay pot noodle soup
HTML-код
- Опубликовано: 28 мар 2025
- မြေအိုးမြီးရှည်ကို ယခင်က ရှမ်းခေါက်ဆွဲရောင်းတဲ့ ဆိုင်တော်တော်များများမှာ ရောင်းပြီး လူကြိုက်များခဲ့တဲ့ အစားအစာလည်းဖြစ်ပါတယ်။
ထည့်ရတဲ့ အဆာပလာတွေများတာကြောင့် အိမ်မှာချက်တဲ့အခါ အဆင်ပြေတဲ့ မိမိကြိုက်တာတွေကိုထည့်ပြီးချက်ပြုတ်နိုင်ပါတယ်ခင်ဗျာ...
အာလူးခေါက်ဆွဲ။ ဆန်ခေါက်ဆွဲ။ပဲပြားခြောက်ကို ပြုတ်ရတာလွယ်ကူစေဖို့ ရေအေးနဲ့ ပျော့တဲ့အထိ ရေစိမ်ထားပါ။
ကြွက်နားရွက်မှိုကိုလည်း ရေစိမ်ထားပေးပါ။
အသီးအရွက်တွေအနေနဲ့
ရွှေပဲ။ မုန်လာဥနီ။ ပဲပင်ပေါက်။ ပြောင်းဖူးသေးသေး။ နံနံပင်။ ကြက်သွန်မြိတ်။ ထိုင်ဝမ်မုန်ညှင်း။ ပန်းဂေါ်ဖီတို့ကို ထည့်ပြီးချက်မှာဖြစ်ပါတယ်။ အားလုံးရေဆေးပြီး တကိုက်စာ အရွယ်လေးတွေလှီးထားပေးပါ။
ပဲပြား။အသားလုံး။ဝက်အူချောင်း စတာတွေကို ပြုတ်ထားပေးပါ။
မြေအိုးမြီးရှည်ထဲမှာ ငရုတ်ချဉ်လိုပါတယ်။ ငရုတ်ချဉ်ဝယ်မရရင် ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းထဲကို ရှာလကာရည်ထည့်ပြီးစိမ်ထားပေးပါ။
ကြက်ပေါင် ၂ ချောင်းကို ပထမဆုံး တရေပြုတ်ပစ်ပါတယ်။ ပြီးမှ ကြက်သားထဲကို ချင်း နဲ့ ကြက်သွန်ဖြူဓားပြားရိုက်ထားတာ။ ငရုတ်ကောင်းမှုန့်။ဆား။သကြား။ရေ ထည့်ပြီး မီးအလယ်အလတ်နဲ့ ၂၅ မိနစ်တည်ထားပေးပါ။ ကြက်ပြုတ်ထားတာရရင် ကြက်သားတွေရရင် အသားလေးတွေ မျှင်ထားပေးပါ.
မြေအိုးမြီးရှည်ထည့်မယ့် မြေအိုးထဲကို ကြက်စွပ်ပြုတ်ရည်ထည့်မယ်။ ပဲပိစပ် အနည်းငယ်။ ပဲငံပြာရည်အကြည်။ နှမ်းဆီမွှေး။ ငရုတ်ချဉ်။ ငရုတ်သီးဆီချက်။ မြေပဲလှော်ထောင်း (မပါမဖြစ်ပါ)။ အသားနွင်ထားတဲ့ ကြက်သား။ ပြီးရင် မိမိထည့်ချင်တဲ့ အဆာတွေထည့်ပါမယ်။ မီးဖိုပေါ်မှာ ပွက်ပွက်ဆူလာပြီဆိုရင် နောက်ဆုံးမှာ ကြက်သွန်ဖြူဆီချက်ကို ထည့်ပေးပါ။ ဒါဆိုရင်တော့ အရသာအလွန်ရှိတဲ့ မြေအိုးမြီးရှည်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ...
သူငယ်ချင်းအားလုံးကျန်းမာပျော်ရွှင်ကြပါစေ...
ကျေးဇူးအများကြီးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ
လက်မှာ အမာရွတ်လေးတွေက ဟင်းချက်ရင်းရတာဖြစ်မယ်ထင်တယ် တကယ့်စားဖိုမှူးလက်ပေါ့ And thanks for the recipe. Looking forward for more.
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊။ထပ်ပြီးကြိုးစားသွားပါဦးမယ်
ကျေးဇူးပါဆရာ
ကြိုက်တယ်
စားကောင်းတယ်
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
မြေအိုးမြှီးရှည်ကြိုက်တယ်မကြာခဏစားတယ် ကျေးဇူးပါ😊
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ကျေးဇူးအထူးတင်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏
ကျေးဇူးပါ အားပေးနေပါတယ်😍😻😇🤗🐈🎉
စုံနေတာပဲ စားချင်စရာလေး ကြိုက်တယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ဟုတ်ကဲ့ အချိန်ရရင် လုပ်စားကြည့်ပါဗျ 😊ကျေးဇူးတင်ပါတယ်အစ်မ 🌷
Looks good. Thanks for sharing
Thank you ..
အကုန်ချက်တတ်တယ် တော်ချက် 👍
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ဟယ် အရမ်းကြိုက်တာကို 🤩 ကျေးဇူးအများကြီးတင်ပါတယ် 🙏
ps မြေအိုးလေးရှာပုံတော်ဖွင့်ရပါဦးမည် 😅
ဟုတ်။ သံဈေး က ဆာကိုအေး ပန်းကန်ဆိုင်မှာရတယ်ဗျ
အပြင်တန်းက ဆိုင်မှာ 😊
@@Cookfork1 ကျေးဇူးကျေးဇူး 😻
ကျေးဇူးပါ
ဟုတ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
Good to eat for this season bro Thanks 😊
Yes😊Thank you ❤️😊
美味しそう😋
Thank you 🙏
စားချင်တယ်
ဟုတ်ကဲ့ 😊
ကျေးဇူးပါ❤
ကျေးဇူးတင်ပါတယ်ခင်ဗျာ😊
ကြိုက်တယ်ဗျာ
အာ.....ဒီခေတ်မှာဟင်းချက်ကောင်းတဲ့မိန်းမလေးရှာယူအုန်းမှ
မိန်းမမရလည်းယွကျားပဲယူရတော့မလားမသိဘူး
😂😂😂
😂😂😂 ဟင်းချက်တာဝါသနာပါကြပေမယ့် စားသောက်ဆိုင် သွားစားကြတာကို ကြိုက်သူပိုများလာတာထင်တယ်
မာလာအနှစ်ထုပ်ကဘာတံဆိပ်လေးလဲ?
ဟိုးအရင်က စီးတီးမတ်မှာရောငိးတဲ့ တရုတ်တံဆိပ်ပါ။ အခုမရောင်းတော့ပါဘူး
ကျောင်းရဲ့canteenကြီးတောင် လွမ်းသွားပြီ🥲
ဟုတ်ပါ့ 😔
တရုတ်ငရုတ်ကောင်းစေ့ အာထုံစေ့
ထည့်တော့ဘူးလား
ရန်ကုန်က ဆိုင်တွေက မထည့်လို့ပါ။
ဗိုက်စာလာပြီ ဗျို့
သုံးဆောင်ပါဗျို့😋
❤❤
GOOD
Thank you ❤️😊
#စုံနေရောစပ်နေရော...👍
*စားကောင်းအုန်းမှာပါK2ရေကျေးဇူးပါ!...🤤🤤
ဟုတ်။ အစုံကိုထည့်ထားတာ😋😋😋
👍
Thank you ❤️😊
မြေအိုးလေးဘယ်မှာရောင်းလဲ
လမ်းမဝော်ာ သံဈေး က ဆာကိုအေး ဆိုင်မှာရပါတယ်
မြေအိုး မသုံးဘဲ ရိုးရိုးအိုးနဲ့ ချက်စားလို့ရလားရှင့်
ရပါတယ်ဗျ
👍👍👍😘😘
Thank you ❤️😊
👍👍👍👋👋👋❤❤❤
❤️❤️❤️🌹🌹🌹
မြေအိုး ဘယ်မှာဝယ်လို့ရလဲရှင့်
Yangon မှာဆို သံဈေး က ဆာကိုအေး ပနိးကန်ဆိုင်မှာရပါတယ်